ထွဏ်းခမ်ရဲ့ "မျက်ရည်အက်ကြောင်း" တေးအယ်ဘမ်သစ် ထွက်ရှိမည်
မြန်မာနိုင်ငံ
အဆိုတော် ချင်းတိုင်းရင်းသား ကိုထွဏ်းခမ်ရဲ့ "မျက်ရည်အက်ကြောင်း" ဆိုတဲ့
သီချင်းအယ်ဘမ်အသစ်ကို လာမည့် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင်
စတင်ဖြန့်ချီတော့မည်ဖြစ်ကြောင်း သိရသည်။
၎င်းတေးအလ်ဘမ်ကို Lazy Club တေးဂီတဝိုင်းနှင့် Studio D ၌ အသံသွင်းထားပြီး Master မှ ဖြန့်ချီမည်ဖြစ်သည်။
ကိုယ်တိုင်ရေးစပ် သီဆိုထားသော ဒုတိယမြောက် အယ်ဘမ်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။ ပထမဆုံးထွက်ရှိခဲ့သည့် အယ်ဘမ်မှာ ပျောက်ဆုံးဝိညာဉ် ဖြစ်သည်။
၎င်း၏ သီချင်းအခွေများကို ကော်ပီမကူးကြရန် ပရိသတ်များအပေါ် မေတ္တာရပ်ခံကြောင်းနှင့် အားပေးမှု့ကိုကြိုဆိုကြောင်း ပြီးခဲ့သည့်လထဲတွင် ပြောကြားခဲ့သည်။
